Myanmar Event

DEUTZ FAHR AGRICULTURE TRACTOR

The philosophy that has always guided DEUTZ-FAHR can be summed up in two simple words: power and efficiency. This flawless credo has been applied to develop, engineer and improve all of its products. Nothing is left to chance: every component device and system is conceived to improve efficiency, reduce power loss, minimise fuel consumption, increase performance and care for the environment. The Agrotron L is tangible proof of how the integrated efficiency of every system maximises the overall productivity of a machine and makes the job of the operator simpler and more effective.

UMG Myanmar သည် ၁၉၉ ၈ ခုနှစ် မှ စတင်ပြီး စက်ရုံ ၊ အလုပ်ရုံကြီးများ နှင့် ဆောက်လုပ်ရေး လုပ်ငန်း သုံး စက်ယန္တရား ကြီးများ ၊ ၄င်းတို့ ၏ အပို ပစ္စည်းများ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းဖြင့် မြန်မာနိုင်ငံ ၏ ဖြန့်ဖြူး ရောင်းဝယ်ရေး လုပ်ငန်း ကဏ္ဍ တွင် အကြီးစား ဖြန့်ဖြူး ရောင်းချသူ တစ်ဦး အဖြစ် စတင် ၀င်ရောက် လုပ်ကိုင် ခဲ့ပါသည်။ တည်ထောင် ခဲ့ပြီး နှစ် အနည်းငယ် အတွင်း မှာပင် ဈေးကွက် ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်း ကျော်ဖြင့် မြန်မာနိုင်ငံ ၏ အကြီးဆုံး ဖြန့်ဖြူး ရောင်းချ သူတစ်ဦး ဖြစ်လာ ခဲ့ပါသည်။
ထို့အပြင် ပြိုင်ဆိုင်မှု အားကောင်း လာသည့် ဈေးကွက် ဖြစ်ပေါ် လာမှု အပေါ် အခြေခံပြီး စီးပွားရေး လုပ်ငန်းစု များကို ဖြန့်ဖြူး ရောင်းချခြင်း ကဏ္ဍ အောက် တွင် ထားရှိပြီး တိုးချဲ့လုပ်ကိုင် လာခဲ့ ပါသည်။ အဆိုပါ လုပ်ငန်းစုကြီးများ မှာ လယ်ယာ စိုက်ပျိုးရေး သုံး ထွန်စက် အမျိုးမျိုး နှင့် ထရပ်ကား ဖြန့်ဖြူး ရောင်းဝယ်ရေး စီးပွားရေး လုပ်ငန်းစု၊ တပ်ဆင် လဲလှယ် အပို ပစ္စည်းများ ဖြန့်ဖြူး ရောင်းဝယ်ရေး စီးပွားရေး လုပ်ငန်းစု၊ လျှပ်စစ် ဓာတ်အားပေး ဂျင်နရေတာ ကြီးများနှင့် စက်ရုံ လုပ်ငန်းသုံး ပါဝါ စနစ်များ ရောင်းဝယ်ရေး စီးပွားရေး လုပ်ငန်းစု၊ UMG သယ်ယူ ပို့ဆောင်ရေး စီးပွားရေး လုပ်ငန်းစု၊ Kawasaki အမှတ် တံဆိပ် မော်တော် ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ငန်းစု၊ ထရပ်ကား နှင့် ဘတ်စ်ကား ရောင်းဝယ်ရေး လုပ်ငန်းစု၊ စက်ယန္တရား ကြီးများ ၏ အင်ဂျင် အမျိုးမျိုး ပြုပြင်ခြင်း လုပ်ငန်းစု၊ ဆောက်လုပ်ရေး ဆိုင်ရာ စက်ယန္တရား ကြီးများ နှင့် အပို တပ်ဆင် ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းစု ၊ ဆောက်လုပ်ရေး ဆိုင်ရာ စက်ပစ္စည်းများ နှင့် ကွန်ကရစ် ဖျော်စက်ကြီးများ ရောင်းဝယ်ရေး လုပ်ငန်းစု နှင့် ဆက်သွယ်ရေး လုပ်ငန်းစု တို့ ဖြစ်ကြ ပါသည်။